ပုဒ်မ ၁၀၄
ဥပဒေကဲ့သို့အာဏာတည်သောအမိန့်
ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်သမ္မတက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တစ်ရပ်ကို ထုတ်ပြန်ပြီး ယင်းအမိန့်ကို အတည်ပြုပေးရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ သည့်အခါ-
(က) ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ကို အတည်ပြု၊ မပြု ဆုံးဖြတ်ရမည်၊
(ခ) အတည်ပြုရန် ဆုံးဖြတ်ပါက ယင်းအမိန့် ဆက်လက်အာဏာတည်ရမည့် အချိန်ကာလကို သတ်မှတ်ပေးရမည်၊
(ဂ) အတည်ပြုချက်မရရှိလျှင် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်သည် အတည်မပြုသည့်နေ့မှစ၍ အာဏာ တည်ခြင်းမှ ရပ်စဲရမည်။