ပုဒ်မ ၂၄၄
ပုဒ်မ ၂၄၄
ဆိုခဲ့သည့်အတိုင်း ဝန်မခံသည့်အခါ လိုက်နာရန်ကျင့်ထုံး။

(၁) ရာဇဝတ်ဘရားသူကြီးသည် ပုဒ်မ ၂၄၃ အရ တရားခံအပေါ် ပြစ်မှုထင် ရှားစီရင်ခြင်းမပြုလျှင်၊ သို့မဟုတ် တရားခံက ယင်းသို့ဝန်ခံခြင်းမပြုလျှင် တိုင်တန်းသူအား (ရှိခဲ့ လျှင်) ဆက်လက်စစ်ဆေးကြားနာရမည်။ ထို့ပြင် တရားလိုဘက်မှတင်ပြသော သက်သေခံချက် များကို ရယူပြီးနောက်၊ အကယ်၍ တရားခံကိုယ်တိုင် သက်သေအဖြစ် အစစ်ခံရန် ဆန္ဒရှိပါက ၎င်းအား စစ်ဆေးကြားနာရမည်။ သို့မဟုတ် ထရားခံက သက်သေအဖြစ် အစစ်မခံလိုလျှင် ၎င်းအား တရားခံအဖြစ်စစ်မေးရမည်။ ထို့ပြင် တရားခံက ထုချေဖြေရှင်းရန်တင်ပြသည့် သက်သေခံ ချက်များကိုရယူရမည်။ သို့ရာတွင် တရားရုံးတစ်ရုံးက တရားလိုပြုလုပ်တိုင်တန်းသော မည်သည့် အမျိုး၌မဆို တစ်ဦးတစ်ယောက်ကို တိုင်တန်းသူအဖြစ် စစ်ဆေးကြားနာရန် တာဝန်မရှိစေရ။

(၂) ရာဇဝတ်တရားသူကြီးသည် မိမိသင့်သည်ထင်မြင်လျှင် တိုင်ဘန်းသူ၊ သို့မဟုတ် တရားခံက လျှောက်ထားလျှင် သက်သေတစ်ဦးတစ်ယောက်အား လာရောက် အစစ်ခံရန်ဖြစ်စေ၊ စာတမ်းအမှတ်အသား တစ်စုံတစ်ရာ၊ သို့မဟုတ် ပစ္စည်းတစ်စုံတစ်ရာကို တင်ပြရန် ဖြစ်စေ သမ္မန်စာ ထုတ်ဆင့်နိုင်သည်။

(၃) ရာဇဝတ်တရားသူကြီးက ဆိုခဲ့သည့်အတိုင်း လျှောက်ထားချက်အရ သက်သေ တစ်ဦး တစ်ယောက်ကို သမ္မန်စာ မထုတ်ဆင့်မီ စစ်ဆေးစီရင်မှုအတွက် လာရောက်ရခြင်းကြောင့် သက်သေကကုန်ကျမည့် သင့်လျော်သည့် ကုန်ကျစရိတ်များကို တရားရုံးတွင် တင်သွင်းထားစေရန် ဆင့်ဆိုနိုင်သည်၊