ပုဒ်မ ၆၀
ပုဒ်မ ၆၀
ထောင်ဒဏ်ချမှတ်သည့်အမှုအချို့တွင် ပြစ်ဒဏ်သည် အလုပ်ကြမ်း သို့မဟုတ် အလုပ်မဲ့ဖြင့် ကာလအားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ချမှတ်နိုင်ခြင်း

အမှုအသီးသီးတွင် ပြစ်မှုကျူးလွန်သူတစ်ဦးအား ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ထိုက်သည့်အခါ ပြစ်ဒဏ်ချမှတ်သည့် တရားရုံးသည် ထိုသူအားအလုပ်ကြမ်းနှင့် ထောင်ဒဏ်ကာလ အားလုံးအတွက် သော်လည်းကောင်း၊ အလုပ်မဲ့နှင့် ထောင်ဒဏ်ကာလ အားလုံးအတွက် သော်လည်းကောင်း၊ အလုပ်ကြမ်း နှင့် ထောင်ဒဏ်ကာလ တစ်စိတ်တစ်ပိုင်းအပြင် အလုပ်မဲ့နှင့် ကျန်ရှိသော ထောင်ဒဏ်ကာလအတွက် သော်လည်းကောင်း ချမှတ်ခွင့်ရှိစေရမည်။


ကျင့်ထုံး