ပုဒ်မ ၃၀၉
ပုဒ်မ ၃၀၉
ဇ ။ ဂျူရီမပါသည့် အမှုများ စစ်ဆေးစီရင်မှု ဆုံးခန်းတိုင်ရောက် ခြင်း ၊ စီရင်ချက်။

ဂျူရီမပါဘဲ စစ်ဆေးစီရင်သော အမှုတွင် တရားခံဘက်မှ လျှောက်လဲချက်နှင့် တရားလိုဘက် အမှုလိုက်အရာရှိက ပြန်လှန်လျှောက်လဲချက် (ရှိခဲ့လျှင်) များ ပြီးဆုံးသည့်အခါ တရားသူကြီးက စီရင်ချက်ချမှတ်ရမည်။ တရားခံကို ပြစ်မှုထင်ရှားစီရင်သော် ပုဒ်မ ၅၆၂ ပါ ပြဋ္ဌာန်းချက်များအတိုင်း တရားသူကြီးက လိုက်နာဆောင်ရွက်ခြင်းမပြုလျှင် ဥပဒေနှင့်အညီ တရားခံအပေါ် ပြစ်ဒဏ်သတ်မှတ်ရမည်။