ပုဒ်မ ၁၇၁-ဆ
ပုဒ်မ ၁၇၁-ဆ
ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ မဟုတ်မမှန်ဖော်ပြခြင်း

မည်သူမဆို ရွေးကောက်ပွဲ၏ ရလဒ်ကိုထိခိုက်စေရန်အကြံဖြင့် ရွေးကောက်ခံမည့်သူ၏ စာရိတ္တနှင့်ဖြစ်စေ၊ အပြုအမူနှင့်ဖြစ်စေစပ်လျဉ်း၍ မမှန်သည်လည်းဖြစ်သည့်ပြင် မမှန်ကြောင်း မိမိသိသည်လည်းဖြစ်သော သို့မဟုတ် ယုံကြည်သည်လည်းဖြစ်သော သို့မဟုတ် မှန်သည်ဟု မိမိယုံကြည်ခြင်းမရှိသော အကြောင်းခြင်းရာ ဖော်ပြချက်သဘောသို့ သက်ရောက်သည့် ဖော်ပြချက်ကို မည်သူမဆိုပြုလျှင် သို့မဟုတ် ကြေညာလျှင် ထိုသူကို ငွေဒဏ်ချမှတ်ရမည်။


ကျင့်ထုံး
  1. ရဲအရေးမပိုင်။
  2. ကနဦးကပင် သမ္မာန်စာထုတ်ဆင့်ရမည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ
  5. ပထမတန်းအာဏာရ တရားသူကြီး၊ ဒုတိယတန်းအာဏာရ တရားသူကြိးက စစ်ဆေးနိုင်သည် စစ်ဆေးနိုင်သည်။