ပုဒ်မ ၁၀၇၊ ပုဒ်မ ၁ဝ၈ ၊ ပုဒ်မ ၁ဝ၉ သို့မဟုတ် ပုဒ်မ ၁၁ဝ အရ အရေးယူဆောင်ရွက်သည့် တရားသူလူကြီးက အဆိုပါ ပုဒ်မအရ အကြောင်းပြထုချေစေရန် တစ်စုံတစ်ယောက်သောသူကို တောင်းဆို သင့်ကြောင်း လိုအပ်သည်ဟု ထင်မြင်သည့်အခါ ထိုတရားသူကြီးက မိမိရရှိသည့် သတင်း အချက်အလက် အကျဉ်းချုပ်၊ ခံဝန်ချုပ်ဆိုရာတွင် ပါရှိရမည့် ငွေအရေအတွက်၊ ခံဝန်ကာလ အပိုင်းအခြား၊ ခံဝန်သူများ အကယ်၍ ရှိလျှင် အရေအတွက်၊ အကျင့်စာရိတ္တနှင့် အဆင့်အတန်းတို့ကို ရေးသားဖော်ပြလျက် အမိန့်ချမှတ်ရမည်။