ဤရာဇသတ်ကြီးအရ အလုပ်ကြမ်းနှင့်ထောင်ဒဏ်ချမှတ်ခွင့်အာဏာရှိသော ပြစ်မှုတစ်ခုအတွက် တရားရုံးက ပြစ်ဒဏ်ချမှတ်သောအခါ ထောင်ဒဏ်ကာလကိုလိုက်၍ သုံးလထက်မပိုစေဘဲ အောက်ပါ အချိုးအစားအတိုင်း အလုံထောင်ချခြင်းပြုရန် စီရင်ချက်၌ အမိန့်ချမှတ်နိုင်သည်။
ထောင်ဒဏ်ခြောက်လထက်မပိုလျှင် တစ်လထက်မပိုသည့်ကာလ၊ ထောင်ဒဏ် ခြောက်လထက် ပိုသော်လည်း တစ်နှစ်ထက်မပိုလျှင် နှစ်လထက်မပိုသည့်ကာလ၊ ထောင်ဒဏ်တစ်နှစ်ထက်ပိုလျှင် သုံးလထက်မပိုသည့်ကာလ။