ပုဒ်မ ၁၂၉
ပုဒ်မ ၁၂၉
ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပခြင်း
(က) ပြည်သူ့လွှတ်တော်တွင် အဆုံးအဖြတ်ပြုရမည့် အကြောင်းအရာတစ်ရပ်နှင့် စပ်လျဉ်း၍ မဲခွဲဆုံးဖြတ်ရာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခြားနည်းပြဋ္ဌာန်းထားခြင်းမရှိလျှင် အစည်းအဝေးသို့ တက်ရောက်၍ ဆန္ဒမဲပေးသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ များရာဆန္ဒမဲဖြင့် ဆုံးဖြတ်ရမည်၊ (ခ) ပြည်သူ့လွှတ်တော် အစည်းအဝေးများတွင် မဲခွဲဆုံးဖြတ်သည့် ကိစ္စများ၌ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေသည့် ဒုတိယဥက္ကဋ္ဌသည် ဆန္ဒမဲမပေးရ။ ထောက်ခံဆန္ဒမဲနှင့် ကန့်ကွက်ဆန္ဒမဲ အရေအတွက်ချင်း တူညီနေသည့်ကိစ္စရပ်တွင်သာ အနိုင်မဲပေးရမည်။
ပြစ်ဒဏ်
-