ပုဒ်မ ၈၈၊ ပုဒ်မခွဲ (၇) အရ အစိုးရက စီမံခန့်ခွဲသည့် သို့မဟုတ် စီမံခန့်ခွဲပြီးဖြစ်သည့် ပစ္စည်း ပိုင်ရှင်သည် ဝရမ်းကပ်သည့် နေ့ရက်မှ နှစ် နှစ်အတွင်း မိမိအလိုအလျောက်လာရောက်ခဲ့လျှင် သို့မဟုတ် ထိုသူကို ဖမ်းမိပြီး မနည်းကို ဝရမ်းကပ်သည့် တရားရုံးရှေ့သို့ ခေါ်ယူခဲ့လျှင် သို့မဟုတ် အဆိုပါ တရားရုံး၏ လက်အောက်ခံ တရားရုံးရှေ့သို့ ခေါ်ယူခဲ့လျှင်၊ ထို့ပြင် ဝရမ်းအတည်ပြုခြင်းကို ရှောင်ကွင်းရန် ကိစ္စအလို့ငှာ တိမ်းရှောင်ခဲ့ခြင်း သို့မဟုတ် ပုန်းကွယ်နေခဲ့ခြင်း မဟုတ်ကြောင်း အဆိုပါ တရားရုံးက ကျေနပ်လောက်အောင် ထိုသူက ထုချေ ရှင်းလင်းနိုင်ခဲ့လျှင်၊ ထို့ပြင် မိမိအနေဖြင့် ကြေညာချက်တွင် သီးခြားဖော်ပြထားသည့် အချိန်အတွင်း တရားရုံးရှေ့သို့ လာရောက်နိုင်ရန် အဆိုပါ ကြေညာချက်ကို မသိခဲ့ကြောင်း အဆိုပါ တရားရုံးက ကျေနပ် လောက်အောင် ထုချေဖြေရှင်းနိုင်ခဲ့လျှင် အဆိုပါ ပစ္စည်းကို သို့မဟုတ် ထိုပစ္စည်းကို ရောင်းချပြီးဖြစ်ပါက ရောင်းရသည့် အသားတင်ငွေကို သို့မဟုတ် ထိုပစ္စည်းအနက် တစ်ချို့တစ်ဝက်ကိုသာ ရောင်းချခဲ့ပြီးဖြစ်လျှင် ထိုရောင်းချရသည့် အသားတင်ငွေနှင့် ကျန်ပစ္စည်းကို ဝရမ်းကပ်ရသည့်အတွက် ကုန်ကျခဲ့သည့် စရိတ်အားလုံးကို နှုတ်ယူ၍ ထိုသူအား ပေးအပ်ရမည်။