ပုဒ်မ ၁၇၂
ပုဒ်မ ၁၇၂
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးကျင်းပခြင်း

(က) ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်ပြီးနောက် ပထမအကြိမ် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ် လွှတ်တော်ပုံမှန်အစည်းအဝေးကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ခေါ်ယူကျင်းပရမည်၊

(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ နောင်သက်တမ်းများအတွက် ပထမအကြိမ် ပုံမှန် အစည်းအဝေးများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေပါပြဋ္ဌာန်းချက်နှင့်အညီ တာဝန်ဆက်လက် ထမ်းဆောင်လျက်ရှိသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ခေါ်ယူကျင်းပရမည်။



ကျင့်ထုံး