မည်သူမဆို နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိန်းသိမ်းဆောင်ရွက်နေသည့် တပ်မတော် သို့မဟုတ် တရားဥပဒေစိုးမိုးရေး အဖွဲ့များ၏ ဆောင်ရွက်မှု အောင်မြင်ရေးကို နှောင့်နှေးစေရန် သော်လည်းကောင်း၊ ပျက်ပြားစေရန်သော်လည်းကောင်း ကြံရွယ်လျှင် သို့မဟုတ် နှောင့်နှေးစေလျှင် သို့မဟုတ် ပျက်ပြားစေလျှင် ထိုသူကို ငွေဒဏ်နှင့်တကွ နှစ် နှစ်ဆယ်ထိထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့်တကွ ထောင်ဒဏ်ဆယ်နှစ်ထိဖြစ်စေ၊ ငွေဒဏ်သက်သက်ဖြစ်စေ ချမှတ်ရမည်။