ပုဒ်မ ၁၅၂
ပုဒ်မ ၁၅၂
ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးခြင်းကို ကြိုတင်ကာကွယ်ခြင်း

ရဲအရာရှိတစ်ဦးသည် ကြိုတင်ကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် မိမိ၏ အခွင့်အာဏာအရ ကြားဝင် ဆောင်ရွက်နိုင်သည့်အပြင် မိမိမြင်ကွင်းတွင် ရွှေ့ပြောင်းနိုင်သော သို့မဟုတ် မရွှေ့မပြောင်း နိုင်သော ပြည်သူပိုင်ပစ္စည်း တစ်စုံတစ်ရာကို ဖျက်ဆီးရန် အားထုတ်ခြင်းကို သော်လည်းကောင်း၊ အများပြည်သူနှင့်သက်ဆိုင်သော နယ်နိမိတ်အမှတ်အသားကိုဖြစ်စေ၊ ဘော့ သို့မဟုတ် ရေကြောင်း သွားလာမှုအတွက် အသုံးပြုသော အခြား အမှတ်အသားကိုဖြစ်စေ ဖယ်ရှားရန် သို့မဟုတ် ဖျက်ဆီးရန် အားထုတ်ခြင်းကို သော်လည်းကောင်း မိမိစွမ်းဆောင်နိုင်သမျှ အစွမ်းကုန် ကြိုတင် ကာကွယ်ရမည်။