ပုဒ်မ ၁၇၃
ပုဒ်မ ၁၇၃
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးကျင်းပခြင်း

(က) ပထမအကြိမ်ကျင်းပသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပုံမှန်အစည်း အဝေးတွင်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သဘာပတိရှေ့မှောက်၌ ဇယား ၄ တွင် ဖော်ပြထားသည့်အတိုင်း ကတိ သစ္စာပြုရမည်၊

(ခ) ကတိသစ္စာမပြုရသေးသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် များသည် စတင်တက်ရောက်သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ဥက္ကဋ္ဌရှေ့မှောက်၌ ကတိသစ္စာပြုရမည်။



ကျင့်ထုံး