ပုဒ်မ ၁၃၂
ပုဒ်မ ၁၃၂
အချို့သော မိန်းမများအား ကိုယ်တိုင် လာရောက်ရခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း

(၁) တိုင်းပြည်၏ဓလေ့ထုံးတမ်းအလျောက် အများပြည်သူရှေ့သွားလာစေရန် အတင်း အကြပ် မပြုသင့်သော မိန်းမများကို တရားရုံးသို့ ကိုယ်တိုင်လာရောက်ရခြင်းမှ ကင်းလွတ်ခွင့် ပြုရမည်။

(၂) ဤဥပဒေအရ မိန်းမများအား ဖမ်းဆီးခြင်းကို တားမြစ်ပိတ်ပင်ခြင်း မရှိသော မည်သည့်အမှုတွင်မဆို တရားမအမိန့်ဆင့်စာကို အတည်ပြုရာ၌ ထိုမိန်းများမှာ ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့် ရှိသည်ဟု ဤပုဒ်မပါ ပြဌာန်းချက်ကြောင့် မှတ်ယူခြင်း မပြုရ။