အဓိကစစ်မေးခြင်းပြုရာတွင် ဖြစ်စေ၊ ထပ်မံစစ်မေးခြင်းပြုရာတွင်ဖြစ်စေ နိမိတ်ပြမေးခွန်းမေးမြန်းခြင်းကို ဆန့်ကျင်ဘက်အမှုသည်ကကန့်ကွက်လျှင် မေးမြန်းခြင်းမပြုရ။သို့ရာတွင် တရား ရုံး၏ခွင့်ပြုချက်အရ နိမိတ်ပြမေးခွန်းများကို မေးမြန်းနိုင်သည်။
အစပျိုးသည့် သို့မဟုတ် အငြင်းမပွားသည့်ကိစ္စများနှင့် စပ်လျဉ်း၍ဖြစ်စေ၊လုံလောက်စွာ သက်သေထင်ရှားပြီးဖြစ်သည်ဟု တရားရုံးကထင်မြင်သည့် ကိစ္စများနှင့်စပ်လျဉ်း၍ဖြစ်စေ နိမိတ်ပြမေးခွန်းများကို မေးမြန်းရန်တရားရုံးက ခွင့်ပြုရမည်။