စီရင်ချက်၌ သီးခြားဖော်ပြသော ပြစ်မှုများအနက် ပြစ်မှုတစ်ခုအတွက် သူတစ်ဦးသည် အပြစ်ရှိသော်လည်း မည်သည့်ပြစ်မှုအတွက် အပြစ်ရှိကြောင်း သံသယမကင်းလျှင် ထိုပြစ်မှုအသီးသီး အတွက် တူညီသောပြစ်ဒဏ် ပြဋ္ဌာန်းခြင်းမရှိပါက ပြစ်မှုကျူးလွန်သူသည် အနည်းဆုံးပြဋ္ဌာန်းသော ပြစ်ဒဏ်ကို ချမှတ်ခြင်းခံရမည်။