ပုဒ်မ ၁၉၆ သို့မဟုတ် ၁၉၆-က ပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်သည့် ပြစ်မှုတစ်စုံတစ်ရာ တွင် ခရိုင်ရာဇဝတ် တရားသူကြီးတစ်ဦးသည် ထိုပုဒ်မများ၌ဖြစ်စေ၊ ဤကျင့်ထုံးဥပဒေ၏ အခြား နေရာတွင်ဖြစ်စေ မည်သို့ပါရှိစေကာမူ ရဲအင်စပိတ်တော်အောက် အဆင့်မနိမ့်သော ရဲအရာရှိ တစ်ဦး ကို ပဏာမ စုံစမ်း ထောက်လှမ်းခြင်း ပြုလုပ်ရန် အမိန့်ထုတ်နိုင်သည်။ ထိုအခါအဆိုပါ ရဲအရာရှိသည် ပုဒ်မ ၁၅၅ ၏ ပုဒ်မခွဲ(၃) တွင် ရည်ညွှန်းထားသော အာဏာများကို ရရှိစေရမည်။