ပုဒ်မ ၈၅
ပုဒ်မ ၈၅
ကိုယ်စားလှယ်များနှင့်စပ်လျဉ်း၍အမှန်ကဲ့သို့မှတ်ယူခြင်း

နိုထရီပက်ဗလစ် သို့မဟုတ် တရားရုံး၊ တရားမတရားသူကြီး၊ရာဇဝတ်တရားသူကြီး၊ ဗြိတိသျှ ကောင်စစ်ဝန် သို့မဟုတ် လက်ထောက်ကောင်စစ်ဝန် သို့မဟုတ် ဗြိတိသျှဘုရင်၏ သို့မဟုတ် ပြန်ထောင်စု မြန်မာနိုင်ငံ၏ကိုယ်စားလှယ်ရှေ့မှောက်တွင်ချုပ်ဆို၍ယင်းက မှန်ကန်ကြောင်း တာဝန်ခံလက်မှတ်ရေး ထိုးထားသော ကိုယ်စားလှယ်စာဖြစ်သည့် စာတမ်းအမှတ်အသားတိုင်းသည် ချုပ်ဆို၍မှန်ကန်ကြောင်း ထင်ရှားစေသည်ဟု မှတ်ယူရမည်။