ပုဒ်မ ၅၃
ပုဒ်မ ၅၃
နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ
(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်နယ်၏ နယ်နိမိတ်ကိုပြင်ဆင်သတ်မှတ်ရန် အကြောင်းပေါ်ပေါက်လာပါက ယင်းနယ်နိမိတ်နှင့် အကျုံးဝင်သည့် မြို့နယ်အတွင်း နေထိုင်ကြသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ဆန္ဒသဘောထားကို ဦးစွာပထမရယူရမည်၊ (ခ) ယင်းသို့ရယူသည့်အခါ ယင်းမြို့နယ်အတွင်း နေထိုင်ကြသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ စုစုပေါင်း ၏ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲမရလျှင် ယင်းနယ်နိမိတ် ပြင်ဆင်သတ်မှတ်ခြင်းကို ဆောင်ရွက်ခြင်း လုံးဝမပြုရ၊ (ဂ) ယင်းမြို့နယ်အတွင်း နေထိုင်ကြသော ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူဦးရေစုစုပေါင်း၏ ထက်ဝက်ကျော်က နယ်နိမိတ်ပြင်ဆင်သင့်ကြောင်း ထောက်ခံဆန္ဒမဲပေးလျှင် ယင်းနယ်နိမိတ်နှင့် အကျုံးဝင်သည့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၏ ဆန္ဒရယူရမည်၊ (ဃ) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ လေးပုံ သုံးပုံနှင့်အထက် ထောက်ခံဆန္ဒမဲရရှိလျှင် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ကို ရယူပြီး နိုင်ငံတော်သမ္မတက တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်တစ်နယ်၏ နယ်နိမိတ်ကို ပြင်ဆင် သတ်မှတ် ပေးရမည်၊ (င) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တစ်ရပ်ရပ်ကနယ်နိမိတ် ပြင်ဆင်ရန် သဘောမတူကြောင်း ဆုံးဖြတ်လျှင် ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ကိုရယူရမည်၊ (စ) ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ လေးပုံသုံးပုံနှင့်အထက်က နယ်နိမိတ် ပြင်ဆင်သင့်ကြောင်း ထောက်ခံဆန္ဒမဲပေးလျှင် နိုင်ငံတော်သမ္မတက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏နယ်နိမိတ်ကို လိုအပ်သလို ပြင်ဆင်သတ်မှတ်ပေးရမည်။
ပြစ်ဒဏ်
-