ပုဒ်မ ၃
ပုဒ်မ ၃
ဝန်ကြီးဌာနနှင့် ဥပဒေရုံးအဆင့်ဆင့်ဖွဲ့စည်းခြင်း

ဝန်ကြီးဌာနနှင့် ဥပဒေရုံးအဆင့်ဆင့်တို့ကို အောက်ပါအတိုင်း ဖွဲ့စည်းသည်-

(က) ဝန်ကြီးဌာန၊

(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်ရုံးများနှင့် ယင်းတို့၏ ကြီးကြပ်မှုအောက်တွင် သက် ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း-

(၁) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုမရှိလျှင်-

(ကက) ခရိုင်ဥပဒေရုံးများ၊

(ခခ) မြို့နယ်ဥပဒေရုံးများ။

(၂) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုရှိလျှင်-

(ကက) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၌

- ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဥပဒေရုံး၊

- ခရိုင်ဥပဒေရုံးများ၊

- မြို့နယ်ဥပဒေရုံးများ။

(ခခ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌

- ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥပဒေရုံး၊

- မြို့နယ်ဥပဒေရုံးများ။

(ဂဂ) ကျန်ဒေသများ၌

- ခရိုင်ဥပဒေရုံးများ၊

- မြို့နယ်ဥပဒေရုံးများ။

(ဂ) ပြည်ထောင်စုနယ်မြေ၌-

(၁) ခရိုင်ဥပဒေရုံးများ၊

(၂) မြို့နယ်ဥပဒေရုံးများ။

(ဃ) ဥပဒေအရ တည်ထောင်ထားသော အခြားဥပဒေရုံးများ