တရားစွဲဆိုရာဒေသ (place of suing) နှင့် စပ်လျဉ်းသည့် ကန့်ကွက်ချက်ကို မူလတရားရုံး (Court of first instance) ၌ စောလျင်စွာ တင်သွင်းခြင်း မပြုလျှင်လည်းကောင်း၊ ငြင်းချက်များ ထုတ်သည့် အမှုများတွင် ငြင်းချက် ထုတ်သည့် အခါ၌ဖြစ်စေ၊ ငြင်းချက် မထုတ်မီဖြစ်စေ တင်သွင်းခြင်း မပြုလျှင်လည်းကောင်း၊ တရားမျှတမှု ပျက်ယွင်းသည့် အကျိုးဆက် (failure of justice) ဖြစ်ပေါ်ခဲ့ခြင်း မရှိပါက မည်သည့် အယူခံရုံး (appellate Court) သို့မဟုတ် ပြင်ဆင်မှုရုံး (revisional Court) ကမျှ ယင်းကန့်ကွက်ချက်ကို ခွင့်မပြုရ။