ပုဒ်မ ၄၉၄
ပုဒ်မ ၄၉၄
စွဲဆိုမှုကို ရုပ်သိမ်းခြင်း၏ အကျိုးသက်ရောက်မှု

မည်သည့် အစိုးရရှေ့ နေမဆို ဂျူရီလူကြီးများနှင့် စစ်ဆေးစီရင်သော အမှုများတွင် ဂျူရီလူကြီးများ၏ ဆုံးဖြတ်ချက်မတင်ပြမီ၊ ၎င်းအပြင် အခြားအမှုများ၌ စီရင်ချက်မချမီ လူတစ်ယောက်ကို ၎င်းအပေါ် စွဲဆိုထားသောအမှုမှ ယေဘုယျအားဖြင့်ဖြစ်စေ၊ ၎င်းကို ကြားနာ စစ်ဆေးနေသည့် ပြစ်မှုများအနက် ပြစ်မှုတစ်ရပ်နှင့် စပ်လျဉ်း၍ဖြစ်စေ၊ ပြစ်မှုအများနှင့် စပ်လျဉ်း၍ ဖြစ်စေ တရားရုံး၏ သဘောတူညီချက်ဖြင့် ရုပ်သိမ်းနိုင်သည်။ ထိုကဲ့သို့ ရှုပ်သိမ်းသောအခါ –

(က) စွဲချက်မတင်မီ ရုပ် သိမ်းခြင်းဖြစ်လျှင် တရားခံကို အဆိုပါ ပြစ်မှု၊ သို့မဟုတ် ပြစ်မှုများနှင့်စပ်လျဉ်း၍ စွဲချက်မတင်မီ လွှတ်ရမည်။

( ခ ) စွဲချက်တင်ပြီး နောက်မှ ရုပ် သိမ်းခြင်းဖြစ်လျှင်၊ သို့မဟုတ် ကျင့်ထုံး ဥပဒေအရ စွဲချက်တင်ရန် မလိုအပ်သည့်အခါ အဆိုပါ ပြစ်မှု၊ သို့မဟုတ် ပြစ်မှုများနှင့် စပ်လျဉ်း၍ အမှုမှအပြီးအပြတ်လွှတ်ရမည်။