ပုဒ်မ ၁၇
ပုဒ်မ ၁၇
ရာထူးမှနုတ်ထွက်ခြင်း

(က) ပြည်ထောင်စုရှေ့နေချုပ်သည် ရာထူးသက်တမ်းမကုန်ဆုံးမီ အကြောင်းတစ်ခုခုကြောင့် မိမိသ ဘောဆန္ဒအလျောက် ရာထူးမှနုတ်ထွက်လိုလျှင် ထိုသို့နုတ်ထွက်လိုကြောင်း နိုင်ငံတော်သမ္မတထံ စာဖြင့် တင်ပြပြီး ရာထူးမှ နုတ်ထွက်နိုင်သည်။

(ခ) ဒုတိယရှေ့နေချုပ်သည် ပုဒ်မခွဲ (က) ပါအတိုင်း ရာထူးမှ နုတ်ထွက်လိုလျှင် ထိုသို့ နုတ်ထွက်လို ကြောင်း ပြည်ထောင်စုရှေ့နေချုပ်မှတစ်ဆင့် နိုင်ငံတော်သမ္မတထံ စာဖြင့်တင်ပြပြီး ရာထူးမှ နုတ်ထွက် နိုင်သည်။