(၁) ပုဒ်မ ၃၄၂ ၏ ပုဒ်မခွဲ(၂) အရ မည်သည့် တရားသူကြီး ကမဆို၊ သို့မဟုတ် တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် မှတစ်ပါး မည်သည့်ဘရားရုံးကမဆို တရားခံကို စစ်မေးသည့် အခါတိုင်း၊ တရားခံကိုမေးသည့် မေးခွန်းတိုင်းနှင့် တရားခံကပေးသည့်အဖြေတိုင်းကို ထည့်သွင်းလျက် စစ်မေးမျက်တစ်ရပ်လုံးကို တရားခံအားစစ်မေးသည့် ဘာသာစကားဖြင့်၊ သို့မဟုတ် ထိုဘာသာစကားကို လက်တွေ့ အသုံးမပြုနိုင်လျှင် တရားရုံးသုံးဘာသာစကားဖြင့် အပြည့်အစုံ ရေးမှတ်ရမည်။ ထို့ပြင် အဆိုပါ ရေးမှတ်ချက်ကို တရားခံအားပြရမည်၊ သို့မဟုတ် ဖတ်ပြရမည်၊ သို့မဟုတ် ထိုစစ်မေးချက်ကို ရေးမှတ်ထားသည့် ဘာသာစကားကို တရားခံနားမလည်လျှင် တရာ၊ ခံနားလည်သည့် ဘာသာစကားတစ်ရပ်ဖြင့် ဘာသာပြန်ဆိုပြရမည်။ ထို့ပြင် တရားခံအား ၎င်း၏ အဖြေများကို ရှင်းပြရန်ဖြစ်စေ၊ ဖြည့်စွက်ရန်ဖြစ်စေ အခွင့်အလမ်းပေးရမည်။
(၂) တရားခံ၏ ဖြေကြားချက်အားလုံးကို ဟုတ်မှန်ကြောင်း ၎င်းအဆိုရှိသည့် အချက်နှင့် ကိုက်ညီအောင် ပြုလုပ်ပြီးသည့်အခါ ထိုရေးမှတ်ချက်ကို တရားခံနှင့် ရာဇဝတ် တရားသူကြီး၊ သို့မဟုတ် တရားသူကြီး၊ သို့မဟုတ် အဆိုပါတရားရုံးတို့က လက်မှတ်ရေးထိုးရမည်။ ထို့ပြင် ယင်းစစ်မေးချက်ကို မိမိရှေ့မှောက်နှင့် မိမိအကြားတွင် ပြုလုပ်ခဲ့ကြာင်းနှင့် ရေးမှတ်ချက်တွင် တရားခံ၏ထွက်ဆိုချက် အပြည့်အစုံ အမှန်အကန်ပါရှိကြောင်း ဆိုခဲ့သည့် ရာဇဝတ်တရားသူကြီး၊ သို့မဟုတ် တရားသူကြီးက ကိုယ်တိုင် သက်သေခံလက်မှတ် ရေးသား၍ လက်မှတ်ရေးထိုးရမည်။
(၃) တရားခံ၏စစ်မေးချက်ကို ရာဇဝတ်တရားသူကြီး၊ သို့မဟုတ် တရားသူကြီး ကိုယ်တိုင် မရေးမှတ်သည့် အမှုများ၌ စစ်မေးစဉ်အတွင်း စစ်မေးချက်အကျဉ်းချုပ်ကို တရားရုံးသုံး ဘာသာစကားဖြင့် ရေးမှတ်ရန် ၎င်းရာဇဝတ်တရားသူကြီး၊ သို့မဟုတ် တရားသူကြီးတွင် တာဝန်ရှိစေရမည်။ အဆိုပါ အကျဉ်းချုပ်ရေးမှတ်ချက်ကို .. ရာဇဝတ်တရားသူကြီး၊ သို့မဟုတ် တရားသူကြီးကိုယ်တိုင် ရေးသားပြီး လက်မှတ်ရေးထိုးရမည့်အပြင် အမှုမှတ်တမ်း၌ တွဲထားရမည်း အထက်ပါအတိုင်း လိုအပ်သလို အကျဉ်းချုပ်မှတ်တမ်း ရေးမှတ်ရန် ရာဇဝဘ်တရားသူကြီး၊ သို့မဟုတ် တရားသူကြီးက မပြုလုပ်နိုင်လျှင် ယင်းသို့ မပြုလုပ်နိုင်ခြင်း၏ အကြောင်းပြချက်ကို ရေးမှတ်ရမည်။
(၄) ထိုပုဒ်မပါ မည်သည့်ပြဋ္ဌာန်းချက်ကမျှ ပုဒ်မ ၂၆၃ အရ တရားခံတစ်ဦးအား စစ်မေးမှုနှင့် သက်ဆိုင်သည်ဟု မမှတ်ယူရ။