ခရိုင်တရားသူကြီး၊ သို့မဟုတ် တွဲဖက်ခရိုင်တရားသူကြီးက စစ်ဆေးစီရင်သည့် အမှုတွင် ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူ မည်သူမဆို တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်သို့ အယူခံဝင်နိုင်သည်။ (ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေအမှတ် ၁၆/၂၀၁၆)