ပုဒ်မ ၈၂
ပုဒ်မ ၈၂
အထွေထွေ

ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် အပါအဝင် ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် တာဝန်ဝတ္တရားများကို ထမ်းဆောင်သော ပုဂ္ဂိုလ်သည် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ရမည် -

(က) အီလက်ထရောနစ်မဲပေးစက်များ၊ ရွေးကောက်ပွဲနှင့်သက်ဆိုင်သော စာရင်းဇယားများ၊ မှတ်တမ်း များနှင့် ဆန္ဒမဲလက်မှတ်များကို စနစ်တကျပြုစုထိန်းသိမ်းခြင်း၊

(ခ) လျှို့ဝှက်ဆန္ဒမဲပေးခြင်းကို ကူညီစောင့်​ရှောက်ခြင်း၊

(ဂ) ကော်မရှင်က ထုတ်ပြန်ခွင့်ပြုသော စာရင်းအချက်အလက်များမှတစ်ပါး အခြားကိစ္စများနှင့် စပ် လျဉ်း၍ ပေါက်ကြားခြင်း မရှိစေရန် စောင့်ထိန်းခြင်း၊

(ဃ) ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီတစ်ခုခု သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးဦးအတွက် မှန်မှန်ကန်ကန်ဆောင်ရွက်ခြင်း၊ မည်သည့်နိုင်ငံရေးပါတီနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းအတွက်မျှ မဲမဆွယ်ရခြင်း၊ ဘက်မလိုက်ရခြင်း။