စာချုပ်စာတမ်းတစ်ခုကို တစ်ဦးတစ်ယောက်သောသူက လက်မှတ်ရေးထိုးထားသည် သို့မဟုတ် အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ရေးသားထားသည်ဟုအဆိုရှိလျှင် ထိုထိုးမြဲလက်မှတ် သည် သို့မဟုတ် အဆိုပါစာတမ်းအမှတ်အသားရှိ ထိုသူ၏လက်ရေးနှင့်ဖြစ်သည်ဆိုသော ရေးသားချက် မှန်သမျှသည် ထိုသူ၏လက်ရေးနှင့်ဖြစ်ကြောင်း သက်သေထင်ရှားတင်ပြရမည်။