ပုဒ်မ ၉၃
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပခြင်း
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတက်ရောက်နေသော ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ် တစ်ဦးကိုဖြစ်စေ၊ ပြည်ထောင်စုလွှတ်တော်နာယက၏ ခွင့်ပြုချက်သို့မဟုတ် ဖိတ်ကြားချက်အရ ယင်းအစည်း အဝေးသို့ တက်ရောက်နေသော ပုဂ္ဂိုလ်တစ်ဦးကိုဖြစ်စေ ဖမ်းဆီးရန်လိုအပ်ပါက ခိုင်လုံ သောအထောက်အထားကို ပြည်ထောင်စုလွှတ်တော်နာယကထံ တင်ပြရမည်။ ပြည်ထောင်စုလွှတ်တော် နာယက၏ ကြိုတင်ခွင့်ပြုချက် မရရှိဘဲဖမ်းဆီးခြင်းမပြုရ။