ပုဒ်မ ၁၃၈
ပုဒ်မ ၁၃၈
အမိန့်ဖီဆန်မှုပြုရန် တပ်မတော်သားကို အားပေးကူညီခြင်း

မည်သူမဆို တပ်မတော်တွင် အမှုထမ်းရွက်သော တပ်မတော်သားတစ်ဦးဦး၏ (* * *) ပြုလုပ်မှုသည် အမိန့်ဖီဆန်မှုပြုရာရောက်ကြောင်းသိလျက်နှင့် ထိုပြုလုပ်မှုကို အားပေးကူညီ သည်တွင် ထိုသို့အားပေးကူညီခြင်းကြောင့် အမိန့်ဖီဆန်မှုကျူးလွန်လျှင် ထိုအားပေးကူညီသူကို ခြောက်လအထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။

ကျင့်ထုံး
  1. ရဲအရေး ပိုင်သည်။
  2. ကနဦးကပင် ဝရမ်းထုတ်ဖမ်းဆီးခွင့် ရှိသည်
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ
  5. မည်သည့်တရားသူကြီးကမဆို စစ်ဆေးနိုင်သည်။