တရားလွှတ်တော်က ရန်ကုန်မြို့ပြင်ပ မည်သည့်နေရာတွင်မဆို မိမိ၏ ပြစ်မှုဆိုင်ရာ မူလစီရင်ပိုင်ခွင့်အာဏာကို သုံးစွဲ၍ ရုံးထိုင်ရန် ရည်ရွယ်သည့်အကြောင်းကို ကြေညာသည့်အခါတိုင်း အဆိုပါနေရာရှိ စက်ရှင်တရားရုံးသည် တရားလွှတ်တော်က သတ်မှတ်သည့် ညွှန်ကြားချက် တစ်စုံတစ်ရာနှင့် မဆန့်ကျင်စေဘဲ မိမိ၏စာရင်းမှ လုံလောက်သော ဂျူရီလူကြီးများကို စက်ရှင်တရားရုံးမှ ဂျူရီလူကြီးများ ဆင့်ခေါ်ခြင်းနှင့်စပ်လျဉ်း၍ အောက်တွင် ပြဋ္ဌာန်းထားသည့် နည်းလမ်းအတိုင်း ဆင့်ခေါ်ရမည်။