ခရိုင်ရာဇဝတ်တရားသူကြီး ရာထူးလစ်လပ်သဖြင့် အရာရှိတစ်ဦးဦးက ခရိုင်ကို အုပ်ချုပ်သူ အကြီးအကဲအဖြစ် ရာထူးကို ခေတ္တဆက်ခံသည့်အခါ နိုင်ငံတော်သမ္မတက အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်မီ ခရိုင်ရာဇဝတ်တရားသူကြီးအား ဤဥပဒေအရ လွှဲအပ်သည့် အရပ်ရပ်အာဏာများ အားလုံးနှင့် တာဝန်ဝတ္တရားများ အားလုံးကို ယင်းအရာရှိက သုံးစွဲရမည်။