ပုဒ်မ ၂၂၆
ပုဒ်မ ၂၂၆
စွဲချက်မပါဘဲဖြစ်စေ၊ မစုံလင်သည့် စွဲချက်နှင့်ဖြစ်စေ လွှဲအပ်တင်ပို့ရာတွင် လိုက်နာရန်ကျင့်ထုံး

မည်သူကိုမဆို စစ်ဆေးစီရင်စေရန် စွဲချက်မပါဘဲ၊ သို့မဟုတ် မစုံလင်သည့်၊ သို့မဟုတ်၊ မှားယွင်းသည့် စွဲချက်ဖြင့် လွှဲအပ်တင်ပို့သည့်အခါ စွဲချက်များနှင့် စင်လျဉ်းသည့် နည်းဥပဒေများကို ထောက်ချင့်၍ တရားရုံး၊ သို့မဟုတ် တရားရုံးအရာရှိက စွဲချက်တင်ခြင်း၊ သို့မဟုတ် စွဲချက်ဖြည့်သွင်းခြင်း၊ သို့မဟုတ် စွဲချက်၌ ပြင်ဆင်ပြောင်းလဲခြင်းများ ပြုလုပ်နိုင်သည်။

ဥပမာများ

(၁) A သည် C ကို သတ်မှုဖြင့် စွဲချက်တင်ခံရသည်။ C ကို သတ်ရန် အားပေးကူညီမှုနှင့်လည်း စွဲချက်ကို ထပ်မံ၍ ဖြည့်သွင်းခြင်း၊ သို့မဟုတ် အစားထိုးခြင်းများ ပြုလုပ် နိုင်သည်။

(၂) A သည် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၆၇ အရ အဖိုးတန် စာတမ်းအမှတ် အသားကို လိမ်လည်အတုပြုမှုဖြင့် စွဲချက်တင်ခံရသည်။ ပုဒ်မ ၁၉ ၃ အရ မမှန်သက်သေခံမှုနှင့် လည်း ထပ်မံ၍ စွဲချက်ကို ဖြည့်စွက်တင်နိုင်သည်။

(၃) A သည် ခိုးရာပါပစ္စည့်းဖြစ်ကြောင်းသိလျက်နှင့် ခိုးရာပါပစ္စည်းကို လက် ခံမှုဖြင့် စွဲချက်တင်ခံရသည်။ အမှုစစ်ဆေးကြားနာစဉ် A လက်ဝယ်၌ ဒင်္ဂါးအတုပြုရာတွင် သုံးစွဲ ရန် ကိရိယာတန်ဆာပလာများ ထားရှိကြောင်း ပေါ်ပေါက်လျှင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂ ၃ ၅ အရ စွဲချက်ကို ထပ်မံ မဖြည့်သွင်းနိုင်။