ပုဒ်မ ၁၃၉
ပုဒ်မ ၁၃၉
ဥပဒေကြမ်းတင်သွင်းခြင်း
က) ပြည်သူ့လွှတ်တော်သည် အမျိုးသားလွှတ်တော်က ပေးပို့သော ဥပဒေကြမ်းတစ်ရပ်ကို လက်ခံရရှိသည့်အခါ အမျိုးသားလွှတ်တော်က ဆုံးဖြတ်သည့်အတိုင်း သဘောတူကြောင်း သို့မဟုတ် သဘောမတူကြောင်း သို့မဟုတ် ပြင်ဆင်ချက်များဖြင့် သဘောတူကြောင်း ဆုံးဖြတ်နိုင်သည်။ ထိုဥပဒေကြမ်းကိုပြည်သူ့လွှတ်တော်၏ ဆုံးဖြတ်ချက်နှင့်အတူ အမျိုးသားလွှတ်တော်သို့ ပြန်လည်ပေး ပို့ရမည်၊ (ခ) ပြည်သူ့လွှတ်တော်က ပေးပို့ခဲ့သည့်ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်များဖြင့် ပြန်လည်ပေးပို့လာလျှင် ပြည်သူ့လွှတ်တော်သည် အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်ကို လက်ခံပါက ယင်းဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော် နာယကထံ ပေးပို့ရမည်၊ (ဂ) ပြည်သူ့လွှတ်တော်သည် အမျိုးသားလွှတ်တော်သို့ ပေးပို့ခဲ့သော ဥပဒေကြမ်းတစ်ရပ်နှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်နှင့် သဘောကွဲလွဲလျှင် ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ရယူရမည်။
ပြစ်ဒဏ်
-