ပုဒ်မ ၁၀၀
ပုဒ်မ ၁၀၀
ဥပဒေကြမ်းတင်သွင်းခြင်း
(က) ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများသည် ပြည်ထောင်စု ဥပဒေပြုစာရင်းတွင် ပါရှိသောကိစ္စရပ်များ အနက်မိမိတို့ စီမံခန့်ခွဲသည့် ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ဥပဒေကြမ်းများကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ ပြည်ထောင်စု လွှတ်တော်သို့တင်သွင်းခွင့်ရှိသည်၊ (ခ) ပြည်ထောင်စုအစိုးရအဖွဲ့ကသာ တင်သွင်းခွင့်ရှိသော နိုင်ငံတော်၏ အမျိုးသားစီမံကိန်း၊ နှစ်စဉ် အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် အခွန်အကောက်ဆိုင်ရာဥပဒေကြမ်းများကို သတ်မှတ်ထား သည့်နည်းလမ်းများနှင့်အညီ ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးဆုံးဖြတ်ရမည်။
ပြစ်ဒဏ်
-