ပုဒ်မ ၅၂
ပုဒ်မ ၅၂
ကော်မရှင်၏ လုပ်ပိုင်ခွင့်များ

ရွေးကောက်ပွဲမကျင်းပမီ ကော်မရှင်က သတ်မှတ်ထားသောကာလအတွင်း ပုဒ်မ ၄ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ(ဂ)တို့အရ သတ်မှတ်ထားသည့် မဲဆန္ဒနယ်တစ်နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးသာရှိပြီး ယင်းလွှတ်တော်ကိုယ်စားလှယ်လောင်း ကွယ်လွန်လျှင်ဖြစ်စေ၊ ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်မရှိကြောင်း တွေ့ရှိလျှင်ဖြစ်စေ ယင်းမဲဆန္ဒနယ်အတွက် ရွေးကောက်ပွဲကျင်းပရေးနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းသည့်အဆင့်မှစ၍ ပြန်လည်ဆောင်ရွက်ရမည်။