ပုဒ်မ ၁၁၄ အရ ထုတ်ဆင့်သော သမ္မန်စာ သို့မဟုတ် ဝရမ်းနှင့်အတူ ပုဒ်မ ၁၁၂ အရ ထုတ်ဆင့် သော အမိန့် မိတ္တူတစ်စောင်ပူးတွဲပါရှိစေရမည်။ ထိုအမိန့် မိတ္တူကိုလည်းအဆိုပါ သမ္မန်စာချအပ်သူ သို့မဟုတ် ဝရမ်း အတည်ပြုသူအရာရှိက ယင်းသမ္မန်စာ ချအပ်ခြင်းခံရမည့်သူ သို့မဟုတ် ယင်းဝရမ်းအတည်ပြုခံရမည့် သူသို့ ပေးအပ်ရမည်။