တရားခံက ကြိုတင်ဖော်ပြထားသည့် သက်သေမဟုတ်သော်လည်း ထိုသက်သေ တရားရုံးရှေ့ ရောက်ရှိနေပါက တရားခံကို ထိုသက်သေအား စစ်ဆေးခွင့်ပေးရမည်။ သို့သော် ပုဒ်မ ၂၁၁ နှင့် ၂၂ဂ တို့ပါ ပြဋ္ဌာန်းထားရှိသည်မှတစ်ပါး ၎င်းကို စစ်ဆေးစီရင်ရန် လွှဲအပ် တင်ပို့သည့် ရာဇဝတ်တရားသူကြီးထံ တင်သွင်းသော စာရင်းပါ သက်သေများမှအပ အခြားသက်သေ တစ်စုံတစ်ယောက်ကို သမ္မန်စာဖြင့် ခေါ်ခွင့်မရှိစေရ။