ပုဒ်မ ၅၃၈
ပုဒ်မ ၅၃၈
မှုခင်းကိစ္စများဆောင်ရွက်မှုတွင် မှားယွင်း၍ နည်းလမ်းမကျခြင်းကြောင့် ဝရမ်းစွဲကပ်မှုမှာ ဥပဒေနှင့် အညီ မဖြစ်ခြင်း၊ ဝရမ်းစွဲကပ်သူမှာလည်း ကျော်နင်းသူ မဖြစ်ခြင်း

သမ္မန်စာ၊ ပြစ်မှုထင်ရှားစီရင်ခြင်း၊ ဝရမ်းစွဲကပ်ရန်အမိန့်၊ သို့မဟုတ် ၎င်းတို့နှင့် စပ်လျဉ်းသော အခြားမှုခင်းကိစ္စဆောင်ရွက်မှုများတွင် တစ်စုံတစ်ရာ မှားယွင်းမှု၊ သို့မဟုတ် နည်းလမ်းမကျမှုတို့ကြောင့် ဤကျင့်ထုံးဥပဒေအရ ပြုလုပ်သည့် မည်သည့် ဝရမ်းစွဲကပ်မှုကိုမျှ တရားမဝင်ဟု မမှတ်ယူရ။ ဝရမ်းစွဲကပ်သူ မည်သူ့ကိုမျှလည်း ကျော်နင်းသူဟု မမှတ်ယူရ။