တရားမမှုတစ်ခု သို့မဟုတ် အမှုအခင်းတစ်ခုတွင် အမှုသည်နှစ်ဦးနှစ်ဘက်အနက်မည်သည့် ဘက်ကမျှ သက်သေထင်ရှားတင်ပြခြင်းမရှိပါက သက်သေထင်ရှားပြရမည့်တာဝန်သည် တရားရှုံးမည့် အမှုသည်အပေါ်ကျရောက်သည်။
ဥပမာများ
(က) B လက်ဝယ်ရှိသောမြေသည် B ၏ဘခင်ဖြစ်သူ C ကမိမိအားသေတမ်းစာဖြင့် ပေးအပ်ခဲ့သည်ဟု A ကအဆိုပြုပြီး ထိုမြေကိုရလိုမှုနှင့် B အားတရားစွဲဆိုသည်။
မည်သည့်ဘက်ကမျှ သက်သေထင်ရှားမတင်ပြလျှင် A သည်ထိုမြေကို မိမိလက်ဝယ်ထားမြဲထားပိုင်ခွင့်ရှိသည်။
ထို့ကြောင့် သက်သေထင်ရှားတင်ပြရန်တာဝန်သည် A အပေါ်ကျရောက်သည်။
(ခ) ခံဝန်ချုပ်ပါငွေကိုရလိုကြောင်းနှင့် A က B ကိုတရားစွဲဆိုသည်။
ခံဝန်ချုပ် ချုပ်ဆိုကြောင်း B ကဝန်ခံသော်လည်း A ကလိမ်လည်သဖြင့် ချုပ်ဆိုခဲ့ရပါသည်ဟု B ကပြော သည်။ A ကလည်းစာချုပ် ချုပ်ရန်လိမ်လည်ခဲ့ခြင်းမရှိပါဟုငြင်းဆိုသည်။
မည်သည့်ဘက်ကမျှ သက်သေထင်ရှားမတင်ပြလျှင် ခံဝန်ချုပ် ချုပ်ဆိုကြောင်းအငြင်းပွားခြင်းမရှိသည့် ပြင်လိမ်လည်ကြောင်းသက်သေထင်ရှားမရှိသဖြင့် A ကအမှုတွင်အနိုင်ရပေလိမ့်မည်။
သို့ဖြစ်၍ သက်သေခံထင်ရှားတင်ပြရန် တာဝန်သည် B အပေါ်ကျရောက်သည်။