ပုုဒ်မ ၂၄
ပုုဒ်မ ၂၄
လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခြင်း၊ ကြေညာခြင်း၊ ရွေးကောက်ပွဲကိုယ်စားလှယ်ခန့်ထားခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း

လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းထားသူ၏ အမည်စာရင်း တင်သွင်းလွှာသည် သတ်မှတ်ချက်များနှင့် ညီညွတ်မှု ရှိ မရှိ၊ လက်ခံရန် သင့် မသင့်ကို သတ်မှတ် ထားသည့်အတိုင်း အမည်စာရင်းတင်သွင်းလွှာလက်ခံထားသည့် ပုဒ်မ ၂၂ ပါသက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲအသီးသီးက စိစစ်ရမည်။