ပုဒ်မ ၂၇၃
ပုဒ်မ ၂၇၃
အတည်မပြုနိုင်သည့် စွဲချက်များအပေါ် မှတ်ချက်ရေးသားခြင်း

(၁) တရားလွှတ်တော်၌ စစ်ဆေးစီရင်မှုများတွင် စွဲချက်တင် ခံရသူကိုစ၍ စစ်ဆေးစီရင်ခြင်းမပြုမီ မည်သည့်အခါတွင်မဆို၊ စွဲချက်၊ သို့မဟုတ် စွဲချက်ပါ မည်သည့်အစိတ်အပိုင်းကိုမဆို အတည်မပြုနိုင်ကြောင်း ထင်ရှားသည်ဟု တရားလွှတ်တော်ကယူဆသည့်အခါ ထိုစွဲချက်ပေါ်တွင် အတည်မပြုနိုင်သည့်အကြောင်းကို တရားသူကြီးက မှတ်ချက်ရေးသားရမည်။

မှတ်ချက်ရေးသားခြင်း၏ အကျိုး။

(၂) ထိုကဲ့သို့ မှတ်ချက်ရေးသားခြင်းကြောင့် စွဲချက်ကို အကြောင်းပြု၍ဖြစ်စေ၊ စွဲချက်ပါမည်သည့်အစိတ်အပိုင်းကိုမဆို အကြောင်းပြု၍ဖြစ်စေ မှုခင်းကိစ္စများကို ဆိုင်းငံ့စေရာ ရောက်သည်။