ပုဒ်မ ၃၄၇
ပုဒ်မ ၃၄၇
စုံစမ်းစစ်ဆေးမှု၊ သို့မဟုတ် စစ်ဆေးစီရင်မှု စတင်ပြီးနောက် ရာဇဝတ် တရားသူကြီးက ထိုအမှုကို လွှဲအပ်တင်ပို့သင့်ကြောင်း တွေ့ရှိသောအခါ လိုက်နာရန်ကျင့်ထုံး

(၁)တရားသူကြီးတစ်ဦး၏ရှေ့မှောက်၌ ပြုလုပ်သည့် စုံစမ်းစစ်ဆေးမှု တစ်စုံတစ်ရာတွင်ဖြစ်စေ၊ စစ်ဆေးစီရင်မှ တစ်စုံတစ်ရာတွင်ဖြစ်စေ စီရင်ချက်ကို လက်မှတ်မရေး ထိုးမီ စစ်ဆေးစီရင်မှု၏ မည်သည့်အဆင့်၌မဆို ထိုအမှုကို စက်ရှင်တရားရုံး၊ သို့မဟုတ် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်က စစ်ဆေးစီရင်သင့်သည်ဟု ပေါ်ပေါက်လာလျှင် ၎င်းအပြင် စုံစမ်းစစ်ဆေးမှုအတွက် လွှဲအပ်တင်ပို့ရန် မိမိတွင် အာဏာရှိလျှင် အထက်ကဖော်ပြပါရှိခဲ့သော ပြဋ္ဌာန်းချက်များအရ တရားခံကို လွှဲအပ်တင်ပို့ရမည်။

(၂) အဆိုပါတရားသူကြီးမှာ စစ်ဆေးစီရင်မှုအတွက် လွှဲအပ်တင်ပို့ရန် အာဏာမရှိလျှင် ပုဒ်မ ၃၄၆ အရ လိုက်နာဆောင်ရွက်ရမည်။