(၁) နိုင်ငံတော်သမ္မတသည် ခရိုင်အသီးသီးတွင် ပထမတန်းအာဏာရ တရားသူကြီး တစ်ဦး ကျစီ ခန့်ထားရမည်။ ယင်းတရားသူကြီးအသီးသီးကို ခရိုင်ရာဇဝတ်တရားသူကြီး ဟု ခေါ်ရမည်။
(၂) နိုင်ငံတော်သမ္မတသည် မည်သည့် ပထမတန်း အာဏာရ တရားသူကြီးကိုမဆို တွဲဖက် ခရိုင် ရာဇဝတ်တရားသူကြီးအဖြစ် ခန့်ထားနိုင်သည်။ ယင်း တရားသူကြီးတိုမှာ နိုင်ငံတော် သမ္မတက ညွှန်ကြားသည့်အတိုင်း ဤဥပဒေအရဖြစ်စေ၊ အခြား တည်ဆဲဥပဒေအရ ဖြစ်စေ၊ ခရိုင် ရာဇဝတ် တရားသူကြီး ရရှိသည့် အာဏာအားလုံးကိုဖြစ်စေ၊ အာဏာ တစ်ခုခုကို ဖြစ်စေ ရရှိစေရမည်။
(၃) ယင်း တွဲဖက် ခရိုင်ရာဇဝတ်တရားသူကြီးများသည် ပုဒ်မ ၁၉၂၊ ပုဒ်မခွဲ (၁)၊ ပုဒ်မ ၄၀၇၊ ပုဒ်မခွဲ (၂) ၂) နှင့် ပုဒ်မ ၅၂၈၊ ပုဒ်မခွဲ (၂) နှင့် ပုဒ်မခွဲ (၃) တို၏ ကိစ္စများအလိုငှာ ခရိုင် ရာဇဝတ် တရားသူကြီး ရားသူကြီး၏ လက်အောက်ခံ ဖြစ်သည်။