အသစ်တင်ထားသည့်စွဲချက်၊ သို့မဟုတ် ပြောင်းလဲထားဧသာ စွဲချက်၊ သို့မဟုတ် ဖြည့်သွင်းထားသောစွဲချက်တွင် ဖော်ပြထားသည့်ပြစ်မှုမှာ အမှုစွဲဆိုရန်အတွက် ကြိုတင် အခွင့်အမိန့် တောင်းခံရန် လိုအပ်သည့် ပြစ်မှုတစ်မှုဖြစ်နေလျှင် အသစ်တင်သောစွဲချက်၊ သို့မဟုတ် ပြောင်းလဲထားသည့်စွဲချက်အပေါ် အခြေခံသည့် အလားတူ အကြောင်းအရာမျိုးနှင့် တရားစွဲဆိုရန် ကြိုတင်အခွင့်အမိန့် ရရှိထားပြီးမဟုတ်လျှင် ယင်းအခွင့်အမိန့်မရမီ အမှုကို ဆက်လက် စစ်ဆေးခြင်းမပြုရ။