ပုဒ်မ ၉၉- ခ
ပုဒ်မ ၉၉- ခ
သိမ်းယူမိန့်ကို ပယ်ဖျက်ပေးရန် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ် တရားလွှတ်တော် သို့ လျှောက်ထားခြင်း

ပုဒ်မ ၉၉-က အရ သိမ်းယူမိန့် ထုတ်ပြန်ထားသော သတင်းစာ၊ စာအုပ် သို့မဟုတ် အခြား စာတမ်း အမှတ်အသားနှင့် အကျိုးသက်ဆိုင်သူ မည်သူမဆို ယင်းသို့ သိမ်းယူမိန့် ထုတ်ပြန်ထားသည့် သတင်းစာ၊ စာအုပ် သို့မဟုတ် အခြား စာတမ်းအမှတ်အသားတွင် မည်သည့် အကြည်ညိုပျက်စေသော ရေးသားချက်မျှ သို့မဟုတ် ပုဒ်မ ၉၉-က ၏ ပုဒ်မခွဲ (၁) တွင် ရည်ညွှန်းထားသော ရေးသားချက်မျိုး မပါဝင်ကြောင်း အကြောင်းပြပြီး အဆိုပါ အမိန့်ကို ပယ်ဖျက်ပေးရန် အမိန့်ထုတ်သည့်နေ့ရက်မှ နှစ်လအတွင်း တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်သို့ လျှောက်ထားနိုင်သည်။ (ရာဇဝတ် ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေ အမှတ် ၁၆ /၂၀၁၆ )