(၁) တရားရုံးသည် ဤပုဒ်မနှင့်အညီ တရားမသဘောဆန်သော အငြင်းပွားမှုများတွင် စေ့စပ်ဖြေရှင်းပေးနိုင်သည်။
(၂)တရားရုံးသည် အောက်ပါအမှုများကို စေ့စပ်ဖြေရှင်းရေးဌာနသို့ လွှဲအပ်နိုင်သည်။
(က) ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာအရ ဖြစ်စေ၊ ဥပဒေတစ်ရပ်ရပ်အရ ဖြစ်စေ စေစပ်ဖြေရှင်းရန် သတ်မှတ်ထာသော အမှုများ
(ခ) အမှုသည်များက စေ့စပ်ဖြေရှင်းရန် သဘောတူကသည့် အမှုများ
(၃) စေစပ်ဖြေရှင်းရေး ဆောင်ရွက်ချက်များအား ပေါက်ကြားမှု မရှိစေရန် လုံခြုံစွာ ထိန်းသိမ်းထားရမည်။ စေစပ်ဖြေရှင်းရေးဆောင်ရွက်စဉ်အတွင်း ဆက်သွယ်ဆောင်ရွက်ချက်၊ ထုတ်ဖေါ်ပြောကြားချက်၊ ဝန်ခံချက်တစ်စုံတစ်ရာနှင့် စပ်လျဉ်း၍ အဆိုပါအမှုကို ဆက်လက်ကြားနာ စစ်ဆေးရာတွင်ဖြစ်စေ၊ အခြားမှုခင်းဆောင်ရွက်ရာတွင်ဖြစ်စေ၊ မည်သည့်နည်းနှင့်မျှ သက်သေခံအဖြစ် အသုံးမပြုရ။
(၄) အမှုသည်များသည် စေ့စပ်ဖြေရှင်းရေးသဘောတူညီချက်ရရှိသည့်အခါ ယင်းသဘောတူညီချက်ကို အခြေခံ၍ သင့်လျော်သည့်အမိန့် သို့မဟုတ် ဒီကရီတစ်ရပ်ရရှိရန် တရားရုံးတွင် တင်ပြလျှောက်ထားရမည်။ ထိုသို့ တင်ပြလျှောက်ထားသည့်အခါ တရားရုံးသည် တရားမကျင့်ထုံးဥပဒေနှင့်အညီ သင့်လျော်သည့်အမိန့် သို့မဟုတ် ဒီကရီတစ်ရပ်ကို ချမှတ်ရမည်။
(၅) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် အကောင်အထည်အဖေါ်ရာတွင် လိုအပ်သည့် အမိန့် ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့် လက်စွဲစာအုပ်များကို ထုတ်ပြန်နိုင်သည်။
ရှင်းလင်းချက်- ဤပုဒ်မပါ စေစပ်ဖြေရှင်းခြင်းဆိုရာတွင် နှစ်ဦးနှစ်ဖက် သဘောတူညီမှုရရှိရန် အမှုသည်များကို ကုညီဆောင်ရွက်ပေးသည့် တရားရုံးက တာဝန်အပ်နှင်းသည့် စေ့စပ်ဖြေရှင်းပေးသူ တစ်ဦးပါဝင်သည့် အငြင်းပွားမှု ဖြေရှင်းရေး လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။