မည်သူမဆို လာဘ်ပေးလာဘ်ယူမှုကို ကျူးလွန်လျှင် ထိုသူကို တစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
သို့ရာတွင် ပြုစုခြင်းဖြင့် လာဘ်ပေးလာဘ်ယူမှုကို ကျူးလွန်လျှင် ငွေဒဏ်သက်သက်သာ ချမှတ်ရမည်။
ရှင်းလင်းချက်။ “ပြုစုခြင်း” ဆိုသည်မှာ အစား၊ အသောက်၊ ဖျော်ဖြေမှု သို့မဟုတ် ရိက္ခာတစ်ခုခုဖြင့် တံစိုးလက်ဆောင်အပေးအယူပြုသော လာဘ်ပေးလာဘ်ယူမှုမျိုးကို ဆိုသည်။