ပုဒ်မ ၁၄၆
ပုဒ်မ ၁၄၆
ကိုယ်စားလှယ်က သို့မဟုတ် ကိုယ်စားလှယ်အပေါ် စွဲဆိုသောအမှုများ

ဤဥပဒေတွင်ဖြစ်စေ၊ တည်ဆဲဥပဒေတစ်ရပ်ရပ်တွင်ဖြစ်စေ၊ အခြားနည်း ပြဌာန်း ထားသည်မှ တစ်ပါး တစ်ဦးတစ်ယောက်ကဖြစ်စေ၊ တစ်ဦးတစ်ယောက်အပေါ်ဖြစ်စေ အမှုတစ်မှ စွဲဆိုနိုင်လျှင် သို့မဟုတ် လျှောက်ထားချက်တစ်ရပ် တင်သွင်းနိုင်လျှင် ထိုသူကို အမှီပြု၍ တောင်းပိုင်သူတစ်ဦးဦး ကလည်း သို့မဟုတ် ထိုသို့ တောင်းပိုင်သူ တစ်ဦးဦးအပေါ်လည်း ယင်းအမှုကို စွဲဆိုနိုင်သည် သို့မဟုတ် ယင်းလျှောက်ထား ချက်ကို တင်သွင်းနိုင်သည်။