ပြည်တွင်း၌နေထိုင်သူများသည် သတ်မှတ်ချက်များနှင့်အညီ နိုင်ငံခြားငွေပမာဏတစ်ရပ်ကို ကာလတစ်ခုအတွင်း ကိုင်ဆောင်ခွင့်ရှိသည်။ ယင်းသတ်မှတ်ချက်များအရ မိမိတို့ပိုင်ဆိုင်သော နိုင်ငံခြား ငွေများကို နိုင်ငံခြားသုံးငွေ များရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူတို့ထံ ဈေးကွက် ပေါက်ဈေးနှုန်းဖြင့် လဲလှယ်အပ်နှံနိုင်သည်။