မိန်းမတစ်ဦးကိုဖြစ်စေ၊ တစ်ဆယ်ခြောက်နှစ်အောက်အရွယ်ရှိ ကလေးသူငယ် တစ်ဦးကိုဖြစ်စေ ဥပဒေနှင့်ဆန့်ကျင်သော ကိစ္စတစ်ခုခုအတွက် သွေးဆောင် ဆွဲခေါ်သွားကြောင်း၊ သို့မဟုတ် ဥပဒေနှင့်ဆန့်ကျင်၍ ချုပ်နှောင်ထားကြောင်း ကျမ်းသစ္စာကျိန်ဆို၍ ခရိုင်ရာဇဝတ် တရားသူကြီးထံ တိုင်တန်းလျှင် ရာဇဝတ်တရားသူကြီးသည် မိမိလိုအပ်သည်ဟုထင်မြင်လျှင် တိုင်တန်းချက် မှန် မမှန် စုံစမ်းစစ်ဆေးပြီးနောက် အဆိုပါ မိန်းမအား သူ၏ လွတ်လပ်ခွင့် ပြန်လည်ရရှိရေးအတွက် အမြန်ဆောင်ရွက်ပေးရန်သော်လည်းကောင်း၊ ဆိုခဲ့သည့် ကလေး သူငယ်အား သူ၏မိဘအုပ်ထိန်းသူ၊ သို့မဟုတ် ဆိုခဲ့သည့် ကလေးသူငယ်ကို တရားဝင်ထိန်းသိမ်း ခွင့်ရှိသူထံ အမြန်ဆုံးအပ်နှံစေရန်အတွက်သော်လည်းကောင်း အမိန့်ချမှတ်နိုင်သည်။ ထိုပြင် ၎င်းအမိန့်အတိုင်း လိုက်နာစေရန် လိုအပ်သည့် အင်အားကို အသုံးပြုနိုင်သည်။